Headlines News :
Home » » အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်ချင်ရင်...

အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်ချင်ရင်...

Written By Unknown on 28 April 2013 | 4/28/2013


ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ http://www.myordbok.com မှာ တိုက်ရိုက် ဘာသာ
ဝင်ပြန်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။

ဒါနဲ့ ထပ်ပြောရဦးမယ် အွန်လိုင်းမှာ ဘာသာမပြန်ချင်ဘူး အင်တာနက်လိုင်း မသုံးချင်သူတွေ အတွက် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သုံးလို့ ရအောင် အခုဆော့ဝဲလ် လည်းထွက်နေပါပြီ။လိုချင်ရင် အောက်မှာ တစ်ခါတည်း သာ ဒေါင်းသွားပါဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။
ဒီနေရာ လေးမှာလည်း ဝင်ရောက် လေ့လာနိုင်ပါပြီ။ ကိုယ့်စက်ထဲမှာ သုံးချင်တဲ့ မိတ်ဆွေများအတွက် ဒီမှာ တိုက်ရိုက် ရယူပါ။ ဆော့ဝဲလ် လေးက 1.53 MB လေးပဲ ရှိပါတယ်။ လက်ဆောင် ယူထားလိုက်ပါ။ အသုံးဝင်မယ်လို့ ထင်ပါတယ်။

အဆင်ပြေကြပါစေဗျာ။
Share this post :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. အရှင် အာလောက .Zp - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger