Headlines News :
Home » » Website များစုစည်းရာ 3

Website များစုစည်းရာ 3

Written By Unknown on 02 November 2012 | 11/02/2012

ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ကွန်ပျူတာပြဿနာအရပ်ရပ်ကို အဖြေရှာပေးနိုင်မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်အတွင်း ကွန်ပျူတာနည်းပညာနှင့်ပတ်သက်သောအကြောင်းအရာများ၊ ဆော့ဖ်ဝဲများ၊ ထုတ်ကုန်များအပြင် အခြားဆားဗစ်အများအပြားကိုတွေ့ရှိရပါတယ်။ နည်းပညာနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုဖော်ပြထားပြီး ဒီဇိုင်းပြုလုပ်ခြင်း၊ program ရေးသားခြင်း၊ Maintenance ပြု လုပ်ခြင်းတို့အတွက် အထောက်အကူပေးနိုင်သည့်ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး အခြား virus ပြဿနာများ၊ အင်တာနက်လုံခြုံရေးစနစ်များအတွက် information များကိုလည်းရယူနိုင်ပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ အိမ်၊ အစားအသောက်၊ ကွန်ပျူတာ၊ ရုံးခန်း၊ အလှအပအစရှိသည့် အကြောင်းအရာမြောက်များစွာ၏နမူနာများကို လေ့လာနိုင်မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ အကြောင်းအရာအလိုက်နမူနာနှင့် အကြံပြုချက်များကို အခမဲ့ရယူနိုင်သလို ပစ္စည်းအမျိုးအစားများအလိုက် သုံးသပ်ချက်နှင့်ပြုလုပ်ပုံများကို လေ့လာနိုင်ပါတယ်။ အစားအသောက်နှင့် လူမှုအသုံးအဆောင်ပစ္စည်းများအတွက် အကြံ ပြုချက်များနှင့် လုပ်ဆောင်ပုံအဆင့်ဆင့်ကို လေ့လာနိုင်တာကြောင့် နမူနာပုံစံများရယူအသုံးပြုလိုသူတွေအတွက် အမှန်တကယ်အဆင်ပြေစေနိုင်မည့် ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
နေ့စဉ်အသုံးပြုနေကျ ကွန်ပျူတာမြင်ကွင်းကိုငြီးငွေ့နေသူတွေအတွက် ယခုဖော်ပြပေးလိုက်တဲ့ဆိုက်မှတဆင့် Theme များပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း Windows Theme မြောက်များစွာကို ဖော်ပြပေးထား ပြီး အခမဲ့ရယူအသုံးပြုနိုင်ပါတယ်။ ဆိုက်အတွင်းအလွယ်တကူရှာဖွေနိုင်စေရန်အတွက် Search bar ထည့်သွင်းပေးထားပြီး Game, Sport, Cartoon စသည်ဖြင့် Theme များကိုခေါင်းစဉ်များခွဲပြီး ဖော်ပြပေးထားပါတယ်။ ဆိုက်အ တွင်း Top Download Theme များ၊ Windows 7 Theme များအပြင် အခြား 3D ပုံနှင့် Wallpaper အများအပြားကိုလည်း ရယူအသုံးပြုနိုင်ပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ အင်တာနက်မှတဆင့် လှပကောင်းမွန်သော Font အများအပြားကိုရယူအသုံးပြုနိုင်မည့် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း Font အများအပြားကို အခမဲ့ရယူနိုင်စေပြီး Font များအား အက္ခရာစဉ်အလိုက်ရှာဖွေနိုင်ရန်လည်း စီစဉ်ပေးထားပါတယ်။ ဆိုက်အတွင်း Top 10 Font များနှင့် Download အရေအတွက်အများဆုံး Font များကိုဖော်ပြပေးထားပြီး Font အသွင်အပြင်များမှာ အလွန်ဆန်းသစ်လှပတာကို တွေ့ရပါတယ်။ Font များအား Windows နှင့် Mac တို့တွင် ထည့်သွင်းအသုံးပြုနိုင်ပြီး Font အသစ်များ၊ ပေါ်ပြူလာအဖြစ်ဆုံး Font များ၊ ဒီဇိုင်နာများဖန်တီးထားသော Font များ စသည်ဖြင့် အမျိုးအစားခွဲကာ သတ်မှတ်ထားတာကိုတွေ့ရပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ဂီတနှင့်ပတ်သက်ပြီး ၀ါသနာပါသူတွေအတွက် ရှေးခေတ်ဂန္ဓ၀င်ဂီတမှ ယနေ့ခေတ် Rock ဂီတအထိ အမျိုးအစားများခွဲခြားပြီး စုစည်းပေးထားတဲ့ ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း Indie Rock, Classic Rock, Hip-Hop, R&B, Country  နှင့် Jazz/ Classical  စသည်ဖြင့် ခေါင်းစဉ်များခွဲခြားဖော်ပြထားပြီး သက်ဆိုင်ရာ ခေါင်းစဉ်အလိုက်အ ဆိုတော်အမည်များနှင့် သီချင်းအ မည်များကို ဖော်ပြထားတာကိုတွေ့ ရပါတယ်။ ဆိုက်အတွင်း Visit  အနေဖြင့် အခမဲ့အသုံးပြုနိုင်သလို Member  ၀င်တစ်ရောက်အနေ ဖြင့်လည်း ၀င်ရောက်နားဆင်နိုင်ပါ တယ်။ သီချင်းအပုဒ်ပေါင်း ၆ သန်းကျော်ပါဝင်တာကြောင့် သီ ချင်းနှစ်သက်သူများအတွက် အ ဆင်ပြေစေနိုင်မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ အွန်လိုင်းအဘိဓါန်အနေဖြင့် အသုံးပြုစေနိုင်မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်အတွင်းသိလိုသမျှအား Search Bar မှတဆင့်ရှာဖွေရယူနိုင်ပြီး အခြား Link များကိုပါ ပြန်လည်ဖော်ပြ ပေးမှာပဲဖြစ်ပါတယ်။ Register ပြုလုပ်၍အသုံးပြုနိုင်သလို Visit အနေဖြင့်လည်းအသုံးပြုနိုင်ပါတယ်။ ဆိုက်အတွင်းနောက်ဆုံးပေါ်နည်းပညာသတင်းများ၊ ပုံပြင်များ၊ ၀တ္ထုများ၊ မဂ္ဂဇင်းများကိုလည်း ၀င် ရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ Member ပြုလုပ်ပေးပါက မိမိဖော်ပြလိုသောအကြောင်းအရာများကို ရေးမှတ်တင်ထားနိုင်တာကြောင့် အင်တာနက်မှတဆင့် ဗဟုသုတရှာဖွေလိုသူများအတွက် အဆင်ပြေနိုင်မည့်ဆိုက်တစ်ခု ပဲဖြစ်ပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
အွန်လိုင်းမှတဆင့် ပေါ့ပေါ့ပါးပါးနှင့်ပျော်ရွှင်ဖွယ်ကောင်းသော ဂိမ်းများဆော့ကစားလိုသူများအတွက် ယခုဆိုက်လေးဟာအတော် ကောင်းမွန်ပါတယ်။ ဆိုက်အတွင်း အလွယ်တကူ သွားလာရှာဖွေနိုင် စေရန် Find Box  ထည့်သွင်းပေး ထားပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ဉာဏ်စမ်းဂိမ်း၊ အားကစားဂိမ်း၊ Word  ဂိမ်းများအပြင် အခြားစိတ် ၀င်စားဖွယ်ဂိမ်းပေါင်းမြောက်များ စွာကို ထည့်သွင်းဖော်ပြထားတာ ကိုတွေ့ရပါတယ်။ အွန်လိုင်းမှတ ဆင့် တိုက်ရိုက်ဆော့ကစားနိုင်သ လို Download  ပြုလုပ်ကာ ရယူဆော့ကစားရာမှာလည်း အခက်အခဲမရှိပဲရယူနိုင်ပါတယ်။ ဂိမ်းနှင့်ပတ်သက်သော သတင်းအချက်အလက်များနှင့် တစ်ပါတ်အတွင်းအကောင်းဆုံးနှင့် လူအများအနှစ် သက်ဆုံးဂိမ်းများကိုတော့ Home Page တွင်ဖော်ပြပေးထားပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
သဘာဝပုံအလှအပများကို ရယူအသုံးပြုလိုသူများအတွက် ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ဟာ အတော်လေးကောင်းမွန်တာကိုတွေ့ရပါတယ်။ ဆိုက်အတွင်း ပန်းပုံအများအပြားကိုတွေ့ရှိရပြီး အမျိုးအစားအလိုက်ခွဲခြားပေးထား တာကြောင့် အသုံးပြုရယူရာမှာ လွယ်ကူအဆင်ပြေစေမှာဖြစ်ပါ တယ်။ ထို့ပြင် E-mail  လိပ်စာ အတွင်းသို့ရယူလိုပါကလည်း မိမိ E-mail Account  အားထည့်သွင်း ပြီး Send Request  ပြုလုပ်နိုင်ပါ တယ်။ ဆိုက်အတွင်းပန်းပုံအမျိုး အစားများအား အရောင်များနှင့် ခွဲခြားသတ်မှတ်ထားပြီး မိမိနှစ် သက်ရာအရောင်နှင့် ပန်းအမျိုးအ စားကိုအလွယ်တကူ ရယူအသုံးပြု နိုင်ပါတယ်။ ထို့ကြောင့် အရောင် စုံပန်းများကိုရွေးချယ်ရယူလိုသူ များအတွက် အဆင်ပြေမည့်ဆိုက် တစ်ခုပဲဖြစ်ပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
စီးပွားရေးနှင့်ပတ်သက်သော နည်းပညာများနှင့် အကြံဉာဏ်များကို ရယူလိုသူများအတွက် အတော်လေးကောင်းမွန်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း စီးပွားရေးဆိုင်ရာပညာရပ်များကို အခြေခံမှစ၍ အဆင့်မြင့်အထိသင်ကြားနိုင်စေရန် သင်ခန်းစာများအပြင်၊ စာအုပ်များ၊ ဗီဒီယိုဖိုင်များကို ထည့်သွင်းပေးထားပါတယ်။ ထို့ပြင် စီးပွားရေးဆိုင်ရာအောင်လက်မှတ်များ၊ သင်ခန်းစာများ၊ စီမံအုပ်ချုပ်ပုံနှင့် စီမံကိန်းချမှတ်မှုများကိုပါ ခေါင်းစဉ်အလိုက် ခွဲခြားပေးထားပြီး အဆင့်ဆင့်လေ့လာနိုင်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ဘာသာစကားပြောင်းလဲအသုံးပြုနိုင်ရန် စီမံထားခြင်းကြောင့် အသုံးပြုသူအတွက် ပိုမိုအဆင်ပြေနိုင်ပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
မိမိအားလပ်ချိန်ခဏတာအတွင်း စိတ်လက်အပန်းပြေစေရန်အတွက် မဂ္ဂဇင်း၊ ရုပ်ရှင်၊ သီချင်း နှင့် ဖက်ရှင်ဒီဇိုင်းများကိုဝင်ရောက် ကြည့်ရှုနိုင်စေမည့် ၀က်ဘ်ဆိုက် တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက် အတွင်းပေါ်ပြူလာအဖြစ်ဆုံး မဂ္ဂဇင်း ၁၀ စောင်အပြင် အခြားဖျော်ဖြေရေးအစီအစဉ်များကို ဖော်ပြပေးထားပါတယ်။ ကမ္ဘာကျော်အဆိုတော်များ၏ ဓါတ်ပုံများ၊ ဗီဒီယိုများအပြင်၊ စတိတ်ရှိုးများကိုပါ ၀င်ရောက်ကြည့်ရှုနိုင်ပြီး ဆောင်းပါးများ၊ ဟာသများနှင့် ၀င်ရောက်ကြည့်ရှုသူများ၏ အကြံပြုချက်များကိုပါ တွေ့ရပါတယ်။ ၀က်ဘ်ဆိုက်အတွင်း အလွယ်တကူ ရှာဖွေစေနိုင်ရန် Search Bar  ထည့်သွင်းပေးထားပြီး Register  ပြုလုပ်၍သော်လည်းကောင်း Visit  အနေဖြင့်သော်လည်းကောင်း လေ့လာနိုင်ပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
ဖုန်းအသုံးပြုသူများအတွက် Ringtone များ၊ Wallpaper များ ဗီဒီယိုဂိမ်းနှင့်အခြားဖုန်း player များအား အမခဲ့ရယူအသုးံပြုနိုင်စေမည့် ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်းနောက်ဆုံးပေါ် Ringtone အများအပြား နှင့် အကောင်းဆုံးနှင့်လူကြိုက်အများဆုံး Wallpaper များကို ထည့်သွင်းဖော်ပြထားပြီး အခြားဟာသများ၊ သီချင်းဖိုင်များ၊ Music Video များကိုပါ အခမဲ့ရယူနိုင်ပါတယ်။ ဆိုက်အတွင်း မိမိရှာဖွေလိုသောအကြောင်းအရာများအား အလွယ်တကူရှာဖွေပေးစေနိုင်မည့် Search Bar များပါဝင်ကာ အခြားဖုန်းစတိုးများ၊ Clip Art များအပြင် ဖုန်းအတွင်းအသုံးပြုသော Application များကိုပါ ထည့်သွင်းပေးထားပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)

Share this post :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. အရှင် အာလောက .Zp - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger