Headlines News :
Home » » Website များစုစည်းရာ(5)

Website များစုစည်းရာ(5)

Written By Unknown on 02 November 2012 | 11/02/2012

=============== www.easy-birthday-cakes.com

မွေးနေ့ကိတ်ပုံစံအမျိုးမျိုးနှင့် ချစ်စဖွယ်ကောင်းသောကိတ်မုန့် ကလေးများကဲ့သို့ပြုလုပ်နည်းများ ကို အခမဲ့လေ့လာနိုင်စေရန်အ တွက်ဖော်ပြပေးထားတဲ့ဝက်ဘ် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။

မွေ့နေ့ ကိတ်ပုံစံအမျိုးမျိုးအား မြောက်များ စွာတင်ပြပေးထားပြီး ပြုလုပ်ပုံအ ဆင့်ဆင့်ကိုလေ့လာနိုင်စေဖို့အ တွက်ဖော်ပြပေးထားပါတယ်။ ကိတ် ပုံစံအမျိုးမျိုးခွဲခြားထားပြီးကလေး ကြိုက်ပုံစံများ၊ အားကစားကိုယ် စားပြုကိတ်များ၊ အနားယူအပန်း ဖြေစဉ်ပြုလုပ်ကြသည့်ကိတ်ပုံစံ များစသည်ဖြင့် မြောက်များစွာ သောအကြောင်းအရာတို့ကိုလေ့ လာနိုင်ပါတယ်။ ထို့ပြင်ကိတ်မုန့် အဆန်းအပြားများပြုလုပ်ခြင်းနှင့် ပတ်သက်၍အမေးအဖြေများ၊ စိတ်ကူးများကိုလည်းဖတ်ရှုလေ့ လာနိုင်စေပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
မိမိအားလပ်သည့်အချိန်ခဏ အတွင်းစိတ်လက်အပန်းပြေစေရန် အတွက် အွန်လိုင်းမှတဆင့်ပျော် ရွှင်ဖွယ်ကောင်းသောဂိမ်းများဆော့ ကစားနိုင်စေရန်အတွက်ရည်ရွယ် ထားသည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်းအလွယ်တကူ ဆော့ကစားနိုင်စေမည့်ဂိမ်းပေါင်း မြောက်များစွာကိုထည့်သွင်းဖော် ပြထားပြီးလူကြိုက်အများဆုံးဂိမ်း များ၊ ဘောလုံးနှင့်ပတ်သက်သော ဂိမ်းများအခြားအားကစားဂိမ်းများ၊ သေနတ်ပစ်ဂိမ်းများ၊ ဟာသဂိမ်း များ၊ ဉာဏ်စမ်းများစသည်ဖြင့်အ ကြောင်းအရာများခွဲခြားပေးထားပါ တယ်။ ထို့အပြင်ရှာဖွေရလွယ်ကူ စေရန်အတွက်အင်္ဂလိပ်အက္ခရာ ABCD  အလိုက်ခွဲခြားဖော်ပြထား ပြီးဒေါင်းလုပ်ပြုလုပ်ကာရယူဆော့ ကစားနိုင်ပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
Windows, Mac နှင့် Linux တွင် အလွယ်တကူအသုံးပြုနိုင်စေတဲ့ icon ပေါင်းမြောက်များစွာကို အခမဲ့ရယူနိုင်တဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်အတွင်းဖော်ပြပေးထားသော Icon များမှာအလွန်လှပ၍ ဆွဲဆောင်မှုရှိပြီး Icon  အရွယ်အစားနှင့် အမျိုးအစားအလိုက် ခေါင်းစဉ်ပေါင်းမြောက်များစွာဖြင့် ဝေေ၀ဆာဆာဖော်ပြပေးထားတဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ Icon များအား Download ပြုလုပ်ရာတွင်လည်း လွယ်ကူမြန်ဆန်ပြီးပါဝင်သော Icon  အရေအတွက်ကိုပါ ဖော်ပြပေးထားကာ Zip file အနေဖြင့် ရယူအသုံးပြုနိုင်ပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ဘာသာစကားလေ့လာလိုသူများအတွက် လွယ်ကူအဆင်ပြေစေနိုင်မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဘာသာစကားများကိုလေ့လာရာတွင် English, Spanish, Italian, French, German အစရှိသဖြင့် ဘာသာစကားပေါင်းမြောက်များစွာ ထည့်သွင်းပေးထားပါတယ်။ စကားပြော၊ သဒ္ဒါနှင့် Vocabulary တိုးတက်စေနိုင်ဖို့အတွက်ရည်ရွယ်ထားပြီး သင်ကြားရာတွင်လွယ်ကူစေရန်အတွက် ဗီဒီယိုဖိုင်များ၊ ဆော့ဖ်ဝဲများ၊ e-book များကိုလည်းတွေ့ရှိရပါတယ်။ ဆိုက်အတွင်းလေ့လာရာတွင် လွယ်ကူစေရန်အတွက်အကြောင်းအရာအလိုက် ခေါင်းစဉ်များခွဲခြားပေးထားပြီး ဆိုက်၏အပြင်အဆင်မှာလည်း ရိုးရှင်းကာဆွဲဆောင်မှုရှိပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
ယခုဖော်ပြပေးလိုက်တဲ့ဆိုက်ကတော့ အွန်လိုင်းမှတဆင့် ဟာသပုံပြင်တိုများနှင့်အခြားရသစာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်တဲ့ ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ပုံပြင်တိုနှင့်ဟာသ၀တ္ထုတိုများအား အင်္ဂလိပ်စာ Level  အလိုက်ခွဲခြားပေးထားပြီး အလွယ်တကူအခမဲ့ Download  ပြုလုပ်ကာလည်းရယူနိုင်ပါတယ်။ ထို့ပြင် Newsletter များ Daily Email များကိုပါ ရယူအသုံးပြုနိုင်ပြီး စာအုပ်များအပြင် အခြားသတင်းများကိုပါ ဖတ်ရှုလေ့လာနိုင်စေမည့် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်အတွင်းဖော်ပြပေးထားသော chicken soup စာအုပ်အတွဲများဟာဆိုရင်ဖြင့် အလွန်စိတ်ဝင်စားဖွယ်ကောင်ပြီး စာအုပ်အတွဲလိုက်ဖော်ပြပေးထားတာကိုတွေ့ရပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
သရုပ်ဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ရုပ်ရှင်၊ ဗီဒီယိုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ၊ ပါဝင်သောသရုပ်ဆောင်များ၏ ကိုယ်ရေးအချက်အလက်များ ၊  ဓါတ်ပုံများ၊ Top Ten ဗီဒီယိုများ၊ အသစ်ထွက်ဇာတ်ကားများကို ဖော်ပြပေးထာတဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ခုနှစ်သက္ကရာဇ်အလိုက်ထွက်ရှိခဲ့သောဇာတ်ကားများနှင့် ၎င်းတို့ရရှိသောဝင်ငွေများ၊ မကြာမီထွက်ရှိမည့်ဇာတ်ကားများကို ခေါင်းစဉ်အလိုက် ဖော်ပြပေးထားပါတယ်။ ဇာတ်ကားများကိုရှာဖွေရာတွင်အသုံးပြုနိုင်သော Search bar ထည့်သွင်းပေးထားပြီး ဇာတ်ကားများ၏ထင်မြင်ယူဆချက်များ၊ သုံးသပ်ချက်များကိုလည်း မြင်တွေ့ရပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်လေးကတော့ အွန်လိုင်းမှတဆင့် မိမိ၏သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေများထံသို့ ပျော်ရွှင်ဖွယ်ဓါတ်ပုံများ၊ ပို့စ်စကတ်များ၊ လှုပ်ရှားနေသော Animation ရုပ်ပုံများ၊ ဟာသများ အစရှိသည်တို့ကို မျှဝေပေးနိုင်တဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ထို့ပြင်မိမိလိုချင်သောဓါတ်ပုံနှင့် ဟာသများကို အခမဲ့အလွယ်တကူ download လုပ်ကာရယူနိုင်ပါတယ်။ ဆိုက်တွင်းဖော်ပြပေးထားသော ဓါတ်ပုံမြောက်များစွာ တွေ့မြင်ရပြီး အကြောင်းအရာအလိုက် ခေါင်းစဉ်များခွဲခြားဖော်ပြပေးထားပါတယ်။ ထို့ပြင် Flash Animation များကို မြောက်များစွာရယူနိုင်ပြီး သီချင်းများ၊ ဟာသများ မိမိနှစ်သက်သောဓါတ်ပုံများကိုလည်း Upload ပြုလုပ်နိုင်ပါတယ်။ Animation ပုံ များအား A မှ Z အထိ စီစဉ်ပေးထားသောကြောင့် ရှာဖွေရာမှာလွယ်ကူစေပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
window ရဲ့အဓိက command Line တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ Task- list, Recovery Console နှင့် ပတ်သက်တဲ့အကြောင်းတွေကို ဖော်ပြပေးထားတဲ့ Site တစ်ခုပဲဖြစ်ပါတယ်။ Site အတွင်းရှိအကြောင်းအရာများကို အလွယ်တကူရှာဖွေလို့ရပါတယ်။
ဒီ Web Site မှာ အဓိကပါဝင်တဲ့အပိုင်းတွေကတော့ Command Line များ File Management, Network and Internet Tools, System Admin & Maintenace, server 2003, Batch File  များစသည်ဖြင့် Window ရဲ့အဓိ ကအပိုင်းတွေကို အခြေခံမှစ၍ အဆင့်မြင့်အထိလေ့လာနိုင်စေရန် တင်ပြပေးထားပါတယ်။
မှတ်ချက်။   ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)

Share this post :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. အရှင် အာလောက .Zp - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger