ပိုင်ဆိုင်ခဲ့ရတဲ့ ငါ့မှာ ...
မသိခြင်းတွေသာ
သိခွင့်ရခဲ့တယ် ...
မရှိခြင်းတွေသာ
ရှိနေခဲ့တဲ့ ဘဝမှာ .
..
မပွင့်လင်းခြင်းတွေသာ
ဖွင့်ဟခဲ့ရတယ် ...
မလိမ်ညာတတ်ခြင်းတွေက
လှည့်ဖြားလိုက်တဲ့အတွက် ...
စိမ်းကားခြင်းတွေနဲ့ပဲ
ရင်းနှီးခဲ့ရတယ် ...
မသေချာခြင်းတွေသာ
သေချာနေတဲ့အတွက် ...
မသင့်မြတ်ခြင်းတွေနဲ့ပဲ
ပေါင်းဖက်ခဲ့ရပြန်တယ် ...
ပေးဆပ်ခြင်းတွေကိုသာ
ရယူခဲ့ရပြီးတဲ့နောက် ...
ဘယ်တော့မှ မပြတ်သားခြင်းတွေနဲ့
ငါ့ကို ... အဆုံးသတ်ခဲ့ကြတယ် ...
ဒါပေမယ့် လေ ...
အဲဒီ အချစ်တွေကိုတော့
မုန်းခွင့်ပြုပါ ... နော် ... ။ ။