Headlines News :
Home » » ♥♥♥ချစ်သူဥသြငှက်လေး♥♥♥

♥♥♥ချစ်သူဥသြငှက်လေး♥♥♥

Written By Unknown on 08 May 2013 | 5/08/2013


ကိုယ့်ထက်အားနွဲ့ ငှက်မငယ် သိုက်
အနိုင်ယူကာ လုကာ ၀င်ဥ
သြော်……ဥသြလေးရယ်အသံနှင့် မလိုက်အောင်မင်းလုပ်ရက်လေတယ်♥♥♥

ဤတွင်မကမင်းဥကပေါက် မင်းသားငယ်လည်း
ငှက်မငယ်ဥ သိုက်ပြင်တွန်းဖယ်
အနိုင်ယူကာတစ်ကိုယ်တည်းနေရက်လေတယ်♥♥♥
သည်ထို့နောက်မှာ အားနွဲ့ငှက်ငယ်ရှာသည့်စာကိုသားရင်းနေရာဝင်ကာစားတဲ့ ဥသြသားငယ်မင်းရဲ့အမိသင်ခဲ့လေသလားကွယ်♥♥♥
ဒီလိုပါပဲနုနယ်သေးတဲ့ငါ့နှလုံးသား
အနိုင်ယူကာခွဲခြေခဲ့တဲ့မင်း ရုပ်နှင့်မလိုက်အောင်ခွဲရက်လေတယ်♥♥♥
ဒါတင်မက
မင်းချစ်ခဲ့သူမင်းချစ်သူနဲ့ရှေ့ဆက်လမ်းမှာဖြောင့်ဖြူးစေဖို့
ငါ့ကိုဟန်ဆောင်ချစ်ခဲလေသလားကွယ်♥♥♥
သြော်…ချစ်သူ သာယာတဲ့တေးသံလေးတွေကိုပိုင်ဆိုင်တဲ့ဥသြလေးနဲ့ ငါ့ရဲ့နှလုံးသားကိုညှို့ယူဖမ်းစားနိုင်ခဲ့တဲ့မင်း ဆွေမျိုးများတော်လေသလားကွယ်♥♥♥
♥SiLvEr♥
Share this post :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. အရှင် အာလောက .Zp - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger