၁ဝ-၉-၂ဝ၁၃ နေ့မှာ ဆရာတော်ဦးဝီရသူနှင့် ငြိမ်းချမ်းရေးနျင့် ချစ်ကြည်ရေးသံတမန်ကွန်ယက် တာဝန်ခံ ဒိုင်းမွန်းရွှေကြည်နှင့် လူငယ်များစွာ
စုပေါင်းပြီး၊ ကေသရာရာမကျောင်းတိုက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆရာတော်ဦးကေသရမှ အခမ်းနားမှူးလုပ်ပေးပြီး၊ မေးခွန်းတွေ မေးမြန်းကြပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာ ပေါင်းများစွာ တက်ရောက်သတင်းယူကြပါတယ်။
ဗုဒ္ဓဘာသာဝင်တစ်ချို့နှင့် အစ္စလာမ်ဘာသာဝင်တစ်ချို့ကြောင့် ကြီးထွားလာရတဲ့လူမှုရေး၊ ဘာသာရေး အစွန်းရောက်မှုကြောင့် အိုးအိမ်ဗလီတွေမီးရှို့ ဖျက်ဆီးခံရမှု လူတွေသတ်ဖြတ်ခံနေရမှုတွေဟာ ဘာသာ၊ သာသနာတွေနဲ့ ဆန့်ကျင်နေပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင်တွေရော၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေပါ စိတ်မချမ်းမသာဖြစ်နေရသလို အမျိုးဘာသာ၊ သာသနာအတွက် စိုးရိမ်ပူပန် သောကရောက်နေကြရတဲ့ ရဟန်းသံဃာတော်နဲ့ အထင်မှားခံနေရတဲ့ အစ္စလာမ်ဘာသာရေး ဆရာတွေပါ စိတ်မကောင်းဖြစ်နေကြရပါတယ်။ အာဏာလွှဲအပ်ပြီးမှာ အစိုးရသစ်တွေ ပေါ်လာမယ် ဒီမိုကရေစီခေတ်ရောက်ရင် အရေးယူခံရနိုင်တယ်။ ပိုင်ဆိုင်မှုတွေပြန်လည် သိမ်းပိုက်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အစိုးရဟောင်းတာဝန်ရှိသူနဲ့ အရေးခင်းပေါင်းများစွာမှာ အသက်သွေးချွေးစတေးခဲ့ရသူတွေ ကြားမှာ ငြိမ်းချမ်းဖို့ အာဃာတတွေ ဖြေဖျောက်ဖို့ တာဝန်ရှိသူတွေ ကြိုးပမ်းအားထုတ်နေကြတာကို မြင်တွေ့နေရပါတယ်။ ငြီးငွေ့ဖွယ်ရာနဲ့ အချိန်ကြာလာပြီဖြစ်တဲ့ မြန်မာပြည်တွင်းစစ်နဲ့ ဘာသာရေး ပဋိပက္ခတွေဟာ တိုင်းပြည်ကို ဆင်းရဲတွင်း နက်စေပြီး၊ လူအများစု ဆင်းရဲမွဲတေ မုန်းတီးနေချိန်မှာ လူတစ်စု ကျိကျိတက် ချမ်းသာနေတာကို မုဒိတာပွားနိုင်တဲ့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ အမျိုးဘာသာ၊ သာသနာတော်အတွက် ဆင်းရဲတွင်းထဲက သောကပွားနေရပါတယ်။
ဒါကို တာဝန်ရှိသူတွေလည်း ဖြေရှင်းနေကြပါတယ်။ ဒါကြောင့် ကျွန်တော်ဒိုင်းမွန်းရွှေကြည်မှ ဆရာတော် ဦးဝီရသူနှင့် ပူးပေါင်းပြီး ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကို ဘယ်လိုဖြေရှင်းရင် ရနိုင်မလဲဆိုတာတွေ ညှိနှိုင်း အဖြေရှာကြပါတယ်။ ၆-၅-၂ဝ၁၃ နေ့မှာ တစ်ကြိမ်၊ ၁ဝ-၉-၂ဝ၁၃ နေ့မှာ တစ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့လို့ အခုဆို အစၥလာမ္ဘာသာဝင္လူငယ္မ်ား၊ အစၥလာမ္ဘာာသာဝင္အမ်ဳိးသမီးမ်ားကပါ ဆရာတော် ဦးဝီရသူနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလာကြပါတယ်။ ဒါကြောင့် ပါဝင်ဆွေးနွေးလိုသူများ အမည်စာရင်းများ ပေးဖို့၍ ဖိတ်စာတောင်းယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက်သာ ဆွေးနွေးမည်ကို သတိပြုပေးပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်ရန် - ၀၉-၇၃၂၃၈၁၇၆

Post a Comment