17.9.2013 မွန်းလွဲ 1:45 နာရီ၊
ပြည်ကြီးတံခွန်မြို့နယ်၊ (၆၈)လမ်းနှင့် ကျန်စစ်သားလမ်းထောင့်၊ သာသနရံသီ ကျောင်းတိုက်၌ ကျင်းပသော 'အဖြူရောင်သစ္စာ ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေး'အသင်း ဝါဆိုသင်္ကန်း ကပ်လှူပွဲနှင့် သြဝါဒခံယူပွဲမှာ သြဝါဒတရား ဟောကြားခြင်း ဖြစ်သည်။
အခမ်အနားကို ပြည်ကြီးတံခွန်မြို့နယ်၊ သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသောဘန သီတင်းသုံးရာ သာသနရံသီကျောင်းမှာ ကျင်းပခြင်းဖြစ်ပြီး၊ ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ၊ မန္တလေးတိုင်း သံဃနာယက အတွင်းရေးမှူး ဒိုက်ဦးဆရာတော် ဘဒ္ဒန္တဇောတိကာဘိဝံသ၊ ပြည်ကြီးတံခွန်၊ မစိုးရိမ်တိုက်သစ်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ၊ မစိုးရိမ်တိုက်ဟောင်း၊ နိရုတ္တိနယူပဒေသကျောင်း နာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ၊ ဓမ္မဓရဝါဆိုကျောင်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တကုမာရ၊ သုခရိပ်ငြိမ်ဆရာတော် ဘဒ္ဒန္တစန္ဒောဘသာသ (ဖိုးလမင်း) နှင့် ဆရာတော် သံဃာတော်များ၊ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။
ဗြဟ္မစိုရ်ဆရာတော်ကြီး ဦးတိက္ခက - သီရိလင်္ကာလို ကလေးသူငယ် ပြုစုပျိုးထောင်ရေး သင်တန်းများ ပို့ချဖို့ ဆုံးမသြဝါဒပေးတော်မူသည်။
ဒိုက်ဦးကျောင်း ဆရာတော် ဦးဇောတိကာဘိဝံသက ယဉ်ကျေးမှုသင်တန်းများ ပို့ချပြီး၊ ယဉ်ကျေးမှု စာမေးပွဲများ ဖြေဆိုနိုင်ရေး ဟောကြားတော်မူသည်။
အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူ - ကလေးသူငယ်၊ ကျောင်းသူ/သားနှင့် လူငယ်လူရွယ်တွေအတွက် မန္တလေး၊ ဓမ္မာရုံ ယဉ်ကျေးမှုကို ပြုပြင် မြှင့်တင်သင့်ကြောင်း၊ ဆင်းရဲသူ/သားများကို လူမှုရေး၊ စီးပွားရေးအရ ကူညီခြင်းသည် သာသနာပြုခြင်းပင် ဖြစ်ကြောင်း၊ ဆင်းရဲသား ရင်သွေးငယ်လေးများအတွက် အခမဲ့ မူကြိုကျောင်းများ ဖွင့်လှစ်သင့်ကြောင်း၊ ရန်ကုန်၊ ထေရဝါဒ ဓမ္မကွန်ယက်ကြီးလို သာသနာ့ခံတပ်ကြီးတစ်ခုဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း မိန့်ကြားတော်မူသည်။
အဖြူရောင်သစ္စာ - အသင်း၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ချက်များကို ပူးတွဲတင်ပြထားပါသည်။

Post a Comment