Headlines News :
Home » » အန္တရာယ်ရှိသော ၀ဘ်ဆိုက်များစာရင်း

အန္တရာယ်ရှိသော ၀ဘ်ဆိုက်များစာရင်း

Written By Unknown on 23 April 2013 | 4/23/2013


ကျွန်မ တစ်ခုကြိုပြောထားမယ်နော် software များကို တွေ့ကရာ
ဆိုက်တွေကနေ Download မလုပ်မိဖို့နှင့် install မလုပ်မိကြဖို့ပါ .

ကျွန်မတို့ နည်းပညာစတင်လေ့လာ သူများအနေဖြင့် မ၀င်ရောက်သင့် Download
မလုပ်သင့်သော နေရာများ အများအပြား ရှိသည့်အနက် လတ်တလော တစ်ကယ့်ကို

software များကို မက်မက်မောမောနှင့် Download လုပ်ချင်စဖွယ် ဖြစ်အောင်
တင်ပေးထားသည့် ၀ဘ်ဆိုက် စာရင်းကို ကျွန်မ ရေးပေးပါ့မယ် . ထပ်မံပြီး
သတိပေးလိုက်ပါသည် . လုံးဝ(လုံးဝ) Download မလုပ်မိပါစေနှင့်၊ အဆိုပါ
ဝဘ်ဆိုက်မှာ link များကို ကူးယူပြီး ပို့စ်တင်ထားသူများ ရှိပါက
ဖျက်ပေးစေလိုပါသည်။ မိမိကွန်ပျူတာအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးများသာ
ဖြစ်ပေါ်စေနိုင်ပါတယ် . တစ်ချို့က မ၀င်နဲ့ မလုပ်နဲ့ဆိုလျှင် ပိုပြီး
လုပ်ချင် စမ်းချင်ကြပါတယ် . ကျွန်မ ပြောတာကို မယုံကြည်သူများ
စမ်းသပ်နိုင်ပါတယ် . ဒါက လူတိုင်းသိသင့်တယ်ထင်လို့ ကျွန်မ ပို့စ်အနေနဲ့
တမင်တင်ပေးလိုက်တာပါ . Google ကနေ ရှာလို့ရတယ် ဆိုပေမယ့် ရှာတွေ့တဲ့
ဆိုက်တိုင်း Download မလုပ်သင့်ပါဘူး . မိမိရှာတဲ့ ဆိုက်ရဲ့ post (web
စာမျက်နှာ) တိုင်းမှာ Download လုပ်တဲ့သူတွေရေးခဲ့တဲ့ comments
ဆိုတာရှိပါတယ် . အဲ့ဒီ့ ဖိုင်ဟာ တစ်ကယ့်ကို အလုပ်လုပ်သလား . အစစ်အမှန်လား
ဆိုတာကို ဆိုက်တွေရဲ့ comments တွေကို ကြည့်တာနဲ့တင် သိနိုင်ပါတယ် .
မရိုးသားတဲ့ ဆိုက်တွေမှာ comments ပေးဖို့အတွက် မထည့်ပေးထားပဲ .
တမင်ဖြုတ်ပေးထားတတ်ပါတယ် . ဘာ့ကြောင့် အဲ့လိုမျိုး ဆိုက်တွေရှိတာလဲ
ဘာ့ကြောင့်လုပ်သလဲဆိုရင် အလွယ်ကူဆုံးနှင့် အဓိက ဦးတည်ချက်က အသုံးပြုသူရဲ့
Bank accout နှင့် အခြားသော အချက်အလက်တွေကို ခိုးယူဖို့ပါ . အဓိကကတော့
ဘဏ်အကောင့်တွေပါပဲ . လူတိုင်းဟာ မိမိရဲ့ ကိုယ်ပိုင်ကွန်ပျူတာ (သို့)
ယုံကြည်စိတ်ချရတဲ့ internet cafe တွေမှာဆိုရင် ဘဏ်အကောင့်ကို သုံးကြပါတယ်
. ဥပမာ paypal ပေါ့ဗျာ ကျွန်တော့်မှာ paypal account ရှိတယ်ဆိုရင်
ကျွန်မ က online ကနေ တစ်ခြားတစ်နိုင်ငံကို သွားမယ် . ဥပမာ
မြန်မာနိုင်ငံဗျာ . မြန်မာနိုင်ငံကိုလာဖို့ Trader hotel မှာ booking
လုပ်မယ် . အဲ့တော့ ထိုင်း အင်တာနက် ဆိုင်ကနေ ပြီးတော့ paypal account ကို
သုံးပြီး ပိုက်ဆံလှမ်းချေ လိုက်တယ် . ကိုယ်ပိုင်ကွန်ပျူတာ မပါလာလို့
လမ်းဘေး internet cafe ဆိုင်ကနေ သုံးလိုက်ရတယ် ဆိုပါစို့။ အဲ့လို
ရိုက်ပြီးသုံးလိုက်တာနဲ့ အဲ့ဒီ့ computer မှာ ကျွန်မ သုံးခဲ့တဲ့ paypal
ရဲ့ email address and password က ကျန်ခဲ့ပြီ ဥပမာ " အဲ့ဒီ့ ဆိုင်မှာ
keylogger (သို့) အဲ့ဒီ့ထက် မြင့်တဲ့ အဆင့်မြင့် အချက်အလက်
သိမ်းဆည်းနိုင်တဲ့ program" ကို Install လုပ်ထားမယ်ဆိုရင် . ကျွန်မ
သေပြီပေါ့ . ပင်ပင်ပန်းပန်း ရှာထားသမျှ ဘဏ်ထဲမှာ ရှိသမျှပိုက်ဆံ
ကျွန်မ အကောင့်ကို သိတာနဲ့ ကုန်ပြီ. paypal မှာ က အကောင့်ကိုသိရင်
မိမိရဲ့ ဘဏ်အကောင့်ထဲကို ငွေလွှဲလို့ရတယ် . နောက်တစ်ခုက
ငွေမလွှဲချင်ဘူးဆိုတာတောင်မှ Online ကနေ လျှောက်ပြီး ၀ယ်ပစ်မယ် . online
မှာ အခုဆိုရင် ပစ္စည်းမှန်သမျှကို online စနစ်ကနေ ပေးပြီး ၀ယ်လို့ရနေပါပြီ
. ဆိုင်ကယ် ကား အကုန်လုံးမှာလို့ရတယ် . လိပ်စာတစ်ခုသာ ပေးလိုက် .
ငွေချေပြီးတာနဲ့ အဲ့ဒီ့နေရာကို ပစ္စည်းလာပို့ပေးတယ် . ကျွန်မ ဆိုရင်
တစ်ခါမှားဖူးတယ် . ကျွန်မ တို့ဆီမှာက သီချင်းတွေကို တစ်ခါတစ်လေ website
ကနေ ၀ယ်တယ် . တစ်ခါ သီချင်းဆိုပြီးတော့ ၀ယ်လိုက်တာ သီချင်းကျမလာဘူး .
ပိုက်ဆံကပေးလိုက်ပြီး . တစ်ပတ်လောက်ကြာတော့ DJ ကစားတဲ့
သီချင်းဓါတ်ပြားတစ်ချပ် အင်္ဂလန်ကနေ စာတိုက်ကနေတစ်ဆင့် ပို့လာတယ် .
အဲ့တော့မှ သဘောပေါက်တယ် ကို ၀ယ်လိုက်တာ သီချင်းမဟုတ်ဘဲ ဓါတ်ပြားပါလားလို့ .

http://loweimages.com
ဆိုက်ဟာဆိုရင် တစ်ကယ့်ကို တမင်တကာ အပင်ပန်းခံပြီး လုပ်ထားတယ်လို့
ကျွန်မ တော့ ထင်တယ် . မြင်သမျှ program တွေကလဲ latest version ချည်းပဲ .
မသိတဲ့သူအဖို့တော့ သွားရည်ယိုစရာချည်းပါပဲ .

1. http://loweimages.com
2. http://amprox.com  
3. http://villashibiscus.com
4. http://winobrowne.com
5. http://vc-ll.org

အဲ
မလုပ်ပါနဲ့ဆိုကာမှ လုပ်လို့ စက်ပျက်ရင်တော့ စက်ဖိုးတောင်းမှာနော်

from:::::forward mail.........seinnan.multiply.comမှကူးယူဖော်ပြသည်........
Share this post :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. အရှင် အာလောက .Zp - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger