Headlines News :
Home » » Kaspersky Key ကို ဘယ်လို ထည့်ပြီးသုံးရလဲ (video ရှင်းပြချက်)

Kaspersky Key ကို ဘယ်လို ထည့်ပြီးသုံးရလဲ (video ရှင်းပြချက်)

Written By Unknown on 23 April 2013 | 4/23/2013


မေးတဲ့သူလည်း အတော်များလာတာရယ်. key ဖိုင်တွေသာ တင်ပေးနေတာ တစ်ချို့တွေက ဘယ်လိုသုံးရလဲဆိုတာကို မသိတဲ့သူတွေ အများကြီးရှိပါတယ်. အဲ့လို မသုံးတတ်တဲ့သူများ၊
ဝယ်သုံးနေရတဲ့သူများအတွက် ရည်ရွယ်ပြီးတော့ ကျွန်တော် တင်ပေးလိုက်ပါတယ်. သေချာ အသေးစိတ် ရှင်းပြ၊ လုပ်ပြပြီး ပြောပြထားတဲ့အတွက်ကြောင့်မို့ အားလုံးပဲ အဆင်ပြေပြေနဲ့ နားလည် သွားလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်. အခုဒီပို့စ်လေး တင်ပေးပြီးရင် ကျွန်တော် အိပ်တော့မှာပါ. မေးထားတာတွေနဲ့ ဖုန်းဆက်ထားတာတွေ များနေလို့ မတင်ဖြစ်တာပါ. လူခွဲမရှိတာက ပိုဆိုးပါတယ်. ညီတစ်ယောက်ခေါ်ထားပါတယ်. ချက်တင်ထိုင်၊ ဂိမ်းဆော့ဖို့လောက်ပဲ သိပါတယ်. နည်းပညာပိုင်းကို မလေ့လာပါဘူး. သူတတ်ထားတာနဲ့တင် လုံလောက်နေပြီလို့ ယူဆထားပုံရပါတယ်. အသက်ကလည်း မငယ်တော့တဲ့အတွက် ကျွန်တော့်အနေနဲ့ သိပ်ပြီးတော့ မဆုံးမချင်တော့ပါဘူး. ပြောရရင်လည်း ကိုယ့်ပေါင်ကို လှန်ထောင်းရာကျမှာပါပဲ. မန္တလေးမှာ ကျွန်တော့်ညီ မြတ်သူအောင်ဆိုတာ ရှိပါတယ်။ သူလည်း service လုပ်နေပါတယ်. ကျွန်တော့်ခြေရာနင်းပြီး နည်းပညာပိုင်းဝါသနာပါတာရော၊ ဥာဏ်ကောင်းတာကောကြောင့် သူကတော့ တိုးတက်သွားပါလိမ့်မယ်. ဒါပေမယ့် အခုအချိန်အထိတော့ သင်တန်းသင်တာကော၊ ကွန်ပျူတာပြင်၊ printer ပြင်တာကော မှာတဲ့ပစ္စည်းတွေကို ဘန်ကောက်က ရောက်လာရင် သွားယူတာက အစ ကျွန်တော်ကိုယ်တိုင် သွားယူရတာပါ။ အားလုံးကျွန်တော်တစ်ယောက်တည်းချည်းပဲ ဒိုင်ခံလုပ်နေရတဲ့အတွက် ဆိုက်ဖက်ကို မလှည့်နိုင်ဘူးဖြစ်ဖြစ် သွားပါတယ်. ဒါပေမယ့် စနေနဲ့ တနင်္ဂနွေနေ့ နှစ်ရက်တော့ သင်တန်းနားပါတယ်. အဲ့နှစ်ရက်ကိုတော့ ကျွန်တော် ဆိုင်ကိုဘာဖြစ်ဖြစ် ပစ်ထားပြီးတော့ ထိုင်းနိုင်ငံရနောင်းမြို့က ကျွန်တော့်သူငယ်ချင်းတွေဆီမှာ သွားလည်ပါတယ်. စိတ်အနားယူတာဆိုပေမယ့် ဆိုက်အတွက် တင်ချိန်ရအောင်၊ ပို့စ်တွေ တင်ချိန်ရအောင်လို့ သွားလိုက်တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က လူကလည်း အိပ်ရေးပျက်တာကော ပင်ပန်းတာကောကြောင့် ပို့စ်တင်ဖို့ စာရေးရင်းနဲ့ ကွန်ပျူတာခုံပေါ်တင် အိပ်ပျော်သွားပါတယ်. စိတ်က အားတင်းထားပေမယ့် ကိုယ်က မနိုင်တော့ ကျွန်တော် Down သွားပါတယ်. သူငယ်ချင်းကလည်း ကျွန်တော် အိပ်ရေးပျက်တာ များနေတာသိတော့ ဘေးနားမှာ ခြင်ဆေးခွေလာထွန်း ပန်ကာကို နည်းနည်းလေးဖွင့်ပြီး ဆောင်ခြုံထားပေးခဲ့ပါတယ်. ကျွန်တော် တပည့်မွေးဖို့လည်း ဆုံးဖြတ်ထားပါတယ်. အရင်က မွေးခဲ့ဖူးပါတယ်. 6 လလောက်အပင်ပန်းခံပြီး တပည့်မွေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ထူးမခြားနားပါပဲ။ နောက်ဆုံးတော့လည်း ပင်ပန်းတာပဲ အဖတ်တင်တာပါပဲ။ ကိုသင်ပေးတာနဲ့ လုပ်စားသွားတာပါပဲ။ အဲ့ကတည်းက နည်းနည်းလန့်သွားတာပါ။ အခုတော့ ကျွန်တော့်အပေါ် အနွံ့အတာခံတဲ့ တပည့်တစ်ယောက်လောက်တော့ မွေးဖို့လုပ်နေပါတယ်. ဘယ်သူဖြစ်မယ်ဆိုတာကတော့ အချိန်ယူလေ့လာရဦးမှာပါ။ ညီတွေထဲက ပေးချင်ပေမယ့် သူ့လမ်းသူလျှောက်ချင်တဲ့သူတွေဆိုတော့ ကျွန်တော် အတင်းမတိုက်တွန်းချင်ပါဘူး။ ကျွန်တော် ဆရာမ တစ်ယောက်ကို မေးဖူးပါတယ်. သူငယ်တန်းကလေးနဲ့ 10 တန်းကလေး ဘယ်အတန်းကို စာသင်ချင်လည်းတဲ့။ ဆရာမက ပြန်ဖြေပါတယ်။ သူငယ်တန်းကလေးပဲ သင်ချင်တာပေါ့တဲ့။ ဘာလို့လဲလို့မေးတော့။ သူတို့ရဲ့ ဦးနှောက်က ဖြူစင်တယ်၊ ဘာမှမရှိသေးဘူး။ ပြီးတော့ အခုမှ စပြီး ကကြီးရေက ကနေ သင်ရတာဟာ ကိုလိုချင်တဲ့ ပုံစံကို သွင်းယူပြီးတော့ ပြုပြင်လို့ရတယ်တဲ့။ 10 တန်းဆိုတာက ဦးနှောက်နည်းနည်း အသိဥာဏ်ရှိနေတာကော သူငယ်တန်းကနေ၊ 9 တန်းအထိ ပညာသင်ကြားခဲ့တဲ့ အသိကောကြောင့် ကိုလိုချင်တဲ့ ပုံသွင်းလို့မရဘူးတဲ့။ ကိုဖြစ်စေချင်တိုင်း မဖြစ်တော့ဘူးတဲ့။ အဲ့ဒီ့တော့မှ သူပြောတာ ဟုတ်ပါလားလို့ တွေးကြည့်မိတယ်။ မယုံရင်ကြည့်ကြည့်ပါ။ ဆယ်တန်းသင်တဲ့ ဆရာ/မ နဲ့ သူငယ်တန်း သင်တဲ့ ဆရာ/မ မတူပါဘူး။ အတန်းက စာသင်ပြီးလို့ထွက်လာတဲ့ မျက်နှာချင်းကွာပါတယ်။ သူငယ်တန်း၊ ပထမတန်းလောက်က ထွက်လာတဲ့ ဆရာ/မ တွေမျက်နှာဟာ အမြဲတမ်းပြုံးပြီး ပီတိနဲ့အတူ ထွက်လာတတ်ပါတယ်။ အထက်တန်းကို သင်တဲ့ ဆရာ/မ မျက်နှာကတော့ လိုချင်တာ မရတဲ့မျက်နှာမျိုးနဲ့ တစ်ခုခုကို မကြည်မလင်ဖြစ်နေတဲ့ မျက်နှာမျိုးနဲ့ပါ။ ကလေးလေးတွေတိုင်း အပစ်ကင်းစင်ကြတယ်။ ချစ်ဖို့ကောင်းကြပါတယ်။

ကျွန်တော်လည်း တစ်ခါတစ်လေ ကိုရှင်းပြတာက တစ်ခြား ပြောဖြစ်သွားတဲ့ စကားက တစ်ခြားဖြစ်တတ်ပါတယ်. အဲ့အတွက် နားလည်ပေးဖို့ ကြိုပြီးတော့ တောင်းပန်ပါရစေ။ Tutorial လုပ်ပြထားတဲ့ video ဖိုင်ကို ဒီပို့စ်မှာလည်း တင်ထားသလို ဆိုက်ညာဖက်ခြမ်းမှာလည်း တင်ပေးထားမှာဖြစ်ပါတယ်။ အလွယ်တကူ Download လုပ်ယူနိုင်ပါတယ်။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ တစ်ချို့ဆိုက်တွေက သိမ်းဆည်းဖို့ storage space များပေမယ့်၊ Download လုပ်တဲ့အခါ premium account လိုတာနဲ့၊ ဖိုင်တွေကို ခဏလေးနဲ့ဖျက်ပစ်တာနဲ့ကြောင့် စိတ်တိုင်းမကျတာပါ။ အခု Minus ဆိုက်ကိုတော့ နည်းနည်းသဘောကျပါတယ်။ Download လုပ်ချင်ရင်လည်း Minus နဲ့ mediafire ကနေ လုပ်ကြည့်လိုက်ပါ. ပိုမြန်ပါတယ်။ ကျန်တဲ့ ဖိုင်တွေကတော့ ဘယ်အချိန်ဖျက်မယ်ဆိုတာ အတိအကျ မပြောနိုင်ပါဘူး။
Share this post :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. အရှင် အာလောက .Zp - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger